I was reading the article from the Harvard Business Review about an interview with Prof Carol Dweck, titled “The Right Mindset for Success" originally published on January 12, 2012. I think is still somewhat relevant for us. I wanted to share the message.
၂၀၁၂ ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် ဟားဗတ်စီးပွားရေးသုံးသပ်ချက် စာစောင်ထဲက “အောင်မြင်ဖို့စိတ်ထားမှန်” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ပါမောက္ခ ကရိုးလ်ဒွက် နှင့်မေးမြန်းခန်းကို ဖတ်ရင်း၊ ကျွန်တော်တို့တွေနှင့် အလျဉ်းသင့်တယ် ထင်လို့ ဆောင်းပါးပါ မှတ်သားစရာကို မျှဝေချင်ပါတယ်။ အောင်မြင်ဖို့ရာ ဘယ်လိုစိတ်ထားမျိုး မွေးရမလဲပေါ့။
This is a Time of tremendous change, where,
like it or not, you are going to have periods of confusion.
Like it or not, you are going to turn into a novice over and over again.
And we need to be comfortable with the struggle — not just effort, but struggle — and confusion.
Confusion is temporary.
Putting in effort is mandatory.
Struggling is a necessity.
ကြီးမားတဲ့ အပြောင်းအလဲ ခေတ်မှာ၊
ကြိုက်ကြိုက်မကြိုက်ကြိုက်၊ စိတ်ထွေပြားစရာ ဇဝေဇဝါ ကာလတွေကြုံရမယ်။
ကြိုက်ကြိုက်မကြိုက်ကြိုက်၊ မျက်စိသူငယ်၊ နားသူငယ် အဖြစ်မျိုးအဖန်တလဲလဲကြုံရမယ်။ လုံ့လစိုက်ထုတ်ရုံ သာမက ရုန်းကန်လှုပ်ရှားရမယ်။ ဇေဝါဇဝါ ဖြစ်စရာတွေ၊ ရုန်းကန်လှုပ်ရှားရတာတွေနဲ့ နေသားကျနေဖို့လိုတယ်။
ဇဝေဇဝါဖြစ်တာ က ခဏအခြေအနေ၊
လုံ့လစိုက်ထုတ်ရမှာက မလုပ်မနေ၊
ရုန်းကန်လှုပ်ရှားခြင်းက လိုအပ်သလေ။