Cloud ကို ကွန်ပျူတာလိုသုံးတတ်ဖို့

Thar Htet
2 min readAug 26, 2021

--

ကျွန်တော်တို့ မျိုးဆက်က Personal Computer ဆိုတာကို ကောင်းကောင်းစီမံတတ်၊ အသုံးချတတ်နေပြီ၊ ဥပမာ ဖုန်းဆိုလည်း ဖုန်းအလျောက်၊ mac, Windows ဆိုလည်း laptop desktop အလျောက် စီမံပြီး အလုပ်လုပ်တတ်တယ်။ နည်းမျိုးစုံနှင့် အဲဒီ computer device တွေကို အလုပ်မျိုးစုံမှာ သုံးတတ်သလို၊ အသုံးချတဲ့ system တွေ Process တွေနှင့် software တွေကိုပါ ပုံစံထုတ်၊ တည်ဆောက်တာတွေ လုပ်တတ်နေပြီးဖြစ်တယ်။

Internet ပေါ်လာပြီးနောက်ပိုင်းမှာ ကျွန်တော်တို့က information network တွေကို သာ အဓိက အာရုံစိုက်ကြတယ်၊ တစ်ဘက်မှာက connected computers တွေ ရှိလာတဲ့ trend က Cloud ဆီရောက်လာတာပဲ။ အဲဒီတော့၊ အဲသလို ချိတ်ဆက်နေတဲ့ ကွန်ပျူတာတွေကို မိုဘိုင်းဖုန်းတို့၊ desktop တို့ သုံးတတ်သလိုမျိုး သုံးတတ်ရင် နောက်တစ်ဆင့်တတ်တာပဲ။ ပိုကော်ငးတဲ့အချက်က ကွန်ပျူတာကို ကိုယ်ပိုင်တောင် ဝယ်ထားစရာမလိုပဲ သုံးသလောက်ပဲ ပေးရတဲ့ စနစ် ရှိနေတော့ လူတိုင်းဟာ အလွန်ကြီးမားကျယ်ပြန်တဲ့ ချိတ်ဆက်မှု စွမ်းအားရှိတဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ခွင့် တပြေးညီ ရသွားတယ်။ နောက်ဆုံးဗျာ Quantum Computer အထိတောင် ငှားသုံးလို့ရတယ်၊ Program တော့ ရေးတတ်ရမှာပေါ့လေ။

အဲဒီတော့ ယခုခေတ်မှာ ကွန်ပျူတာ ပညာရှင် အနေနှင့် commandline ကနေ ကိုယ့် desktop ကို စီမံသလို၊ bash shell နေ ကွန်ပျူတာ ထဲက software တွေ၊ Process တွေ Tread ကို စီမံတဲ့ program တွေ ရေးတတ်သလိုမျိုး၊ ရုံးကလုပ်ငန်းထဲမှာ Router, Switch, Hub တွေမှာ network ပုံစံချထားပြီး ချိတ်ဆက်စီမံတတ်သလို၊ အလွန်ကြီးမားကျယ်ပြန့်ပြီး ပေါများကြွယ်ဝတဲ့ virtual space ထဲက network တွေ၊ computer တွေ၊ အဲဒါတွေထဲက container တွေ၊ micro service တွေ၊ software တွေကို ချိတ်ဆက်ပြီး စီမံတတ်မှသာ ရှေ့တန်းကို ရောက်တော့မယ်။

ဆိုလိုတာက Desktop computer မသုံးတတ်သူနှင့် သုံးတတ်သူ။ Desktop Computer သုံးတတ် သူနှင့် OS ကို administration လုပ်တတ်သူ။ Administration လုပ်တတ်သူနှင့် Software ရေးတတ်သူ၊ ကွာခြားသလို၊ လက်ရှိသမားရိုးကျ design, development, deployment လုပ်တတ်သူနှင့် cloud resource တွေကို commandline က နေစီမံတတ်သူ တွေ ကွာခြားသွားကြလိမ့်မယ်။

ဒါကို လုပ်တတ်ရင်၊ လုပ်နိုင်တဲ့ power နှင့် scale က ကမ္ဘာကြီးလောက်ဖြစ်သွားမယ်။ Terraform တို့ Formation တို့ နှင့် လိုချင်တဲ့ virtual infra ကို မိနစ်ပိုင်းအတွင်း setup လုပ်နိုင်ပြီး၊ Service တွေကို ချိတ်ဆက်ပြီး လိုချင်တဲ့ Application တစ်ခုဖြစ်အောင် ရေးတတ်တယ်ဆိုရင်၊ ဒါက next level ဖြစ်သွားပြီ။

ဥပမာ ပြန်ကြည့်ရင်၊ Development machine ထဲမှာ လိုအပ်တဲ့ software တွေ service တွေ တင်ပြီး၊ လိုချင်တာကို ဖန်တီးနိုင်သလို၊ Cloud infra မှဦ လိုအပ်တဲ့ network, software, service တွေကို တင်ပြီး၊ ဖန်တီးနိုင်မယ့် အရာတွေ ပိုများသွား၊ ပိုကျယ်ပြန့်သွားမယ်။ တစ်ခုတော့ရှိတယ်၊ အဲဒီ သိုင်းတော့ တတ်ပြီ၊ ဘယ်သူနှင့် ချရမယ်မှန်းမိသိဘူး ဆိုတာမျိုး၊ နဂါးဖမ်းနည်းတော့ သိပြီ၊ ဖမ်းစရာ နဂါးမရှိဘူးဆိုတာမျိုးတော့ ဖြစ် နိုင်တာပေါ့။ လက်နက်ကြီးတပ်ပြီး လက်နက်နှင့် မမျှတဲ့ သတ္တဝါကို ပစ်နေရာလည်း သဘာဝတော့မကျဘူး။

သေချာတာကတော့ကျွန်ေတာ်တို့ အဲသလို cloud computer ကို မသုံးတတ်ရင်၊ နောက် ၅ နှစ်လောက်ဆို obsolete ဖြစ်သွားမှာပဲ။ Desktop ကိုယ်၌က ကိုယ့်ဖန်တီးနိုင်စွမ်းနှင့် စာရင် အကန့်အသတ် ဖြစ်လာနေပြီလေ။ အထူးသဖြင့် Data Processing နှင့် Machine Learning တွေအတွက် လုပ်မယ်ဆိုရင် ကိုယ့် workstation က အကန့်အသတ်ဖြစ်လာပြီ။ Public Cloud မသုံးနဲ့ကွာ၊ မင်းကို DC ထဲမှာ၊ rack ၂ ခုစာ လောက် compute ပေးလိုက်မယ် ဆိုရင်တောင် အဲဒါတွေကို operation စီမံရအောင် automate လပ်တဲ့ tools တွေက လည်း virtualization နှင့် cloud tools တွေပဲ။ DC ထဲက ရှိသမျှ ကွန်ပျူတာတွေကို single computer တစ်ခုလို သုံးပြီး၊ application တွေရေးဖို့ run ဖို့ဆိုတာ သူတို့ကို cloud service တစ်ခုလို စီမံသုံးနိုင်မှပဲရလိမ့်မယ်။ ဒါကြောင့် cloud ကို သိမှပဲဖြစ်မယ်။

--

--

Thar Htet
Thar Htet

Written by Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.

No responses yet