ဆင်းရဲကင်းကွာအောင်မြင်ရာ — ဘဝနေထိုင်နည်း ကျင့်စဉ်

တက်ကျမ်းတွေအများကြီးဖတ်ပြီး၊ နည်းမျိုးစုံကိုစမ်းခဲ့တယ်။ ဒါပေမယ့် အနှစ်သာရပြည့်ဝတဲ့ နည်းက နီးရက်နှင့်ဝေး၊ သတိမမူ၊ ဂူမမြင်။

Thar Htet
1 min readNov 26, 2017

သတိမူမိရင်တောင် စဉ်းစားဉာဏ်နှင့် ရင့်ကျက်မှု နည်းနည်းရှိလာတော့မှ တန်ဖိုးထားမိတာမျိုး။ ကျင့်သုံးရမှာကို ရွတ်ဖတ်နေတာမျိုးအမှားကနေ၊ နားလည်ခံစားမိလာတော့မှ ကျင့်သုံးဖို့ နည်းလမ်းကို ရှာဖွေလာမိပါတယ်။

ဒီ မှတ်စုကို ပုံစံထုတ်ဖို့ကြံနေတာကြာပြီ။ အလုပ်များတာကို အကြောင်းပြပြီးတော့ရယ်၊ ပြည့်ပြည့်ဝဝ နားမလည်သေးတာရယ်၊ ဗမာလို ရှင်းရှင်းလင်းလင်း၊ ထိထိမိမိရေးမပြီးသေးတာရယ်နှင့် ကြာနေခဲ့တာ။

သိပ္ပံနည်းကျစာအုပ်တွေမှာ မနက်တိုင်း ကျင့်စဉ်တစ်ခုခုလုပ်ဖို့၊ ကောင်းမွန်တဲ့ အကျင့်ကိုမွေးဖို့ စိတ်အင်အားဖြည့်တင်းဖို့ ဆိုတာတွေကို အခေါက်ခေါက်ဖတ်ရမှတ်ရတော့၊ ကိုယ့်အဖွားရဲ့ မနက်တိုင်း အသံအကျယ်ကြီးနှင့် ဘုရားရှိခိုးတာဟာ သူ့ရဲ့ စိတ်အင်အားရှိအောင်၊ စိတ်လုံခြုံအောင် ကျင့်တာပဲဆိုတာ နားလည်လာတယ်။

ကျွန်တော်ဖတ်တဲ့ Neuroscience, Psychology နှင့် Personal Development စာအုပ်တွေရဲ့ အနှစ်တွေဟာ ကိုယ်အမြဲကြားနေရတဲ့ ဘုန်းကြီးတွေ၊ ပါဠိလိုပြောပြောပြနေတဲ့ အကြောင်းတွေထဲမှာ တစ်စွန်းတစ်စ သိနေရတာတွေ၊ လောကနီတိတို့၊ ဓမ္မပဒတို့ထဲမှာ အမွှန်းတင်ဖွဲ့နွဲ့၊ ရေးသားထားတာတွေနှင့် မခြားတာတွေကို သတိထားမိလာတော့၊ ဗုဒ္ဓရဲ့ ဓမ္မ (ဓမ္မတောင် အမျိုးမျိုးရှိတယ်နော်) ကို ဘိုလိုစာအုပ်တွေရော၊ ဗမာလို စာအုပ်တွေပါ ရှာဖွေဖတ်ကြည့်ပါတယ်။

ဒီအခါမှာ သံသရာအတွက်ကို အလေးသာတဲ့ စာအုပ်တွေ၊ ရွတ်ဖတ်စရာ တွေကများပြီး၊ လက်တွေ့ကျကျ ကျင့်သုံးနိုင်တဲ့၊ ခေတ်စကား ဗမာလိုရေးသားတာမျိုးသိပ်မတွေ့ရပါဘူး။ ကိုယ်ဖတ်တာ၊ ရှာတာနည်းသေးလို့လည်းဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်ဖတ်ရှုနားလည်ထားသလောက်ကို ရှင်းရှင်းလင်းလင်း မှတ်စုရေးပြီး၊ မမေ့မေလျော့အောင် မှတ်ထားတယ်။ ဖတ်မိသလောက် နိုင်ငံခြား ဘာသာနှင့်ရေးထားတဲ့ စာအုပ်တွေက ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရကို ပိုပေါ်လွင်စေသလိုပဲ။ ပြည်တွင်းက ဗမာစာနှင့်ရေးတာတွေက ဂန္ဓာရီတွေ၊ သဘာဝလွန်တွေ၊ တန်ခိုးတွေ၊ ချဲ့ကားအမွှန်းတင်တာတွေသိပ်များသလိုပဲ။

ဒါကြောင့် ကိုယ်နားလည်တာကို ကိုယ်ဖတ်ဖို့ ကိုယ်တိုင်ပဲရေးလိုက်တော့တယ်။ မနက်တိုင်း ဘုရားရှိခိုးတာ မဟုတ်ဘဲ၊ ကျင့်စဉ်တစ်ခုအနေနှင့် နေ့တိုင်းဖတ်၊ နေ့တိုင်း နှလုံးသွင်းပြီး၊ ကောင်းမွန်တဲ့ အလေ့အကျင့်အဖြစ် ကျင့်ကြံဖို့ရည်ရွယ်ပါတယ်။ ကျွန်တော့်မှတ်စုဟာ အနှစ်သာရအားဖြင့် တိမ်ပါလိမ့်မယ်။ များများစဉ်းစားလေကျယ်ပြန့်လာလေဖြစ်တဲ့ တရားမို့၊ အခြေခံ မေမ့မလျော့အပ်တဲ့ အချက်တွေနှင့် ဗုဒ္ဓရဲ့ ဘဝနေနည်းလမ်းကို ကျင့်သုံးမှသာ ကိုယ့်အတွက်ရော အားလုံးအတွက်ပါ အေးချမ်း၊ အောင်မြင်မှု အစစ်အမှန်ကို ရလိမ့်မယ်လို့ ယုံကြည်တာမို့ လက်တွေ့ ကျင့်ကြံစရာနည်းတွေကို မှတ်သားထားပါတယ်။

Steve Job မနက်တိုင်းကိုယ့်ကိုယ်ကို မှန်ကြည့်မေးသလိုပေ့ါ။ သိပ္ပံနည်းကျပဲ နေ့စဉ်ဖတ်ရှု၊ နှလုံးသွင်း၊ ကျင့်ကြံရင် ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အခြားသူတွေလည်း ဖတ်ရအောင် မျှဝေလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသုံးအနှုန်းအတိုင်း ပြောရရင် “ဓမ္မဒါန ကုသိုလ်ဖြစ်ပေ့ါ” ဗျာ။ ဒီမှာ ယူပါဗျာ https://goo.gl/K66NNB

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာ၊ ကောင်းရာအမှု ပြုနိုင်ပြီး၊ ဥစ္စာဓနပေါကြွယ်ဝလို့၊ ဆန္ဒပြည့်ဝ အောင်မြင်ကြပါစေဗျား။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

Thar Htet
Thar Htet

Written by Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.

Responses (2)

Write a response